ဝိုး ဝိုး ဝိုး NLD ကို မဲေပးရတာ တန္တဲ့ ေနာက္ထပ္ ဝမ္းသာစရာသတင္းေကာင္း

Sharing is caring!

[Zawgyi]

ဝိုး ဝိုး ဝိုး NLD ကို မဲေပးရတာ တန္တဲ့ ေနာက္ထပ္ ဝမ္းသာစရာသတင္းေကာင္း

​ျမန္မာနိုင္ငံရဲ့ပထမဆုံး ကိုယ္ပိုင္ၿဂိဳဟ္တု လႊတ္တင္ဖို့ရန္ ျပင္ဆင္ေန

ပထမဆုံး ကိုယ္ပိုင္ၿဂိဳဟ္တုကို ျမန္မာနိုင္ငံက လႊတ္တင္ဖို့ ျပင္ဆင္ေနတယ္လို့ channel news asia သတင္းမွာ ေဖာ္ျပထားပါတယ္။ ဒီလို ကိုယ္ပိုင္ၿဂိဳဟ္တုလႊတ္တင္တာက ျမန္မာလို စီးပြားေရး ဖြံၿဖိဳးမွုနည္းတဲ့ နိုင္ငံအတြက္ ပထမဆုံး ေျခလွမ္းလည္းျဖစ္ပါတယ္။

ဒီလိုသာ လႊတ္တင္နိုင္ရင္ ျမန္မာနိုင္ငံဟာ ကိုယ္ပိုင္ၿဂိဳဟ္ပိုင္ဆိုင္တဲ့ အာရွကိုးနိုင္ငံစာရင္းမွာ ေနာက္တိုးအဖြဲ႕ဝင္ျဖစ္လာေတာ့မွာပါ။ အခုလို သဘာဝပတ္ဝန္းက်င္ကို အာကာသကေန ေစာင့္ၾကည့္ဖို့အတြက္ ၿဂိဳဟ္လႊတ္တင္ဖို့ ကုန္က်မယ့္စရိတ္နဲ႔ အဲဒီကေန ရလာမယ့္ အက်ိဳးေက်းဇူးက ညီမၽွတယ္လို့ ျမန္မာနိုင္ငံ အာကာသေလေၾကာင္း အင္ဂ်င္နီယာ တကၠသိုလ္ ပါေမာကၡခ်ဳပ္ ဦးၾကည္သြင္က AFP သတင္းဌာနကို ေျပာပါတယ္။

ဒါ့အျပင္ ကိုယ္ပိုင္ ၿဂိဳဟ္တည္ေဆာက္တာက ပိုၿပီး စရိတ္သက္သာသလို နိုင္ငံ့စီးပြားေရးတိုးတက္မွုအတြက္ အေထာက္အကူ ျပဳလိမ့္မယ္လို့လည္း ေျပာပါတယ္။ ကိုယ္ပိုင္ၿဂိဳဟ္တုလႊတ္တင္ဖို့အတြက္ ျမန္မာနိုင္ငံက အေမရိကန္ေဒၚလာ ၁၆ သန္း ကုန္က်မွာျဖစ္တယ္လို့ သိရပါတယ္။

လႊတ္တင္မယ့္ ၿဂိဳဟ္တုမွာ အေကာင္းဆုံး ကင္မရာေတြ သုံးမွာျဖစ္ၿပီး၊ တိုင္ဖြန္းမုန္တိုင္း နဲ႔ သဘာဝေဘးသင့္တဲ့ ေနရာေတြရဲ့ ပုံရိပ္ကို 3D ပုံစံနဲ႔ ရရွိနိုင္ေစမွာျဖစ္ပါတယ္။ ဒါ့အျပင္ အဲဒီၿဂိဳဟ္တု ကင္မရာေတြက ေျမယာအသုံးခ်မွု ၊ ၿမိဳ့ျပလူေနအိမ္ေျခ တိုးခ်ဲ႕မွု ၊ သစ္ေတာျပဳန္းတီးမွုကေန တရားမဝင္ သတၳဳရွာေဖြတူးေဖာ္မွုေတြ အထိ ေစာင့္ၾကည့္ေထာက္လွမ္းေပးမယ္လို့ ၿဂိဳဟ္တု လႊတ္တင္ေရး စီမံခ်က္ကို ဦးေဆာင္ေနတဲ့ ေဟာ့ကိုင္းဒိုး တကၠသိုလ္က မစၥတာ ယိုရွီဟီရို တာကာဟာရွီက ေျပာပါတယ္။

ၿဂိဳဟ္တုလႊတ္တင္မွုကိုေတာ့ ဂ်ပန္နိုင္ငံမွာ ေဆာင္ရြက္မွာျဖစ္ၿပီး၊ ျမန္မာအင္ဂ်င္နီယာ ၇ ေယာက္ကို လေပါင္းမ်ားစြာ ကတည္းက ဂ်ပန္ကိုသြားေရာက္ တာဝန္ထမ္းေဆာင္ဖို့ ျပင္ဆင္ထားႏွင့္ၿပီးျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အစီအစဥ္ခဏ ဆိုင္းငံ့ထားရတယ္လို့ သိရပါတယ္။

Source: CNA
#mmo
HtateHtar

[Unicode]

ဝိုး ဝိုး ဝိုး NLD ကို မဲပေးရတာ တန်တဲ့ နောက်ထပ် ဝမ်းသာစရာသတင်းကောင်း

မြန်မာနိုင်ငံရဲ့ပထမဆုံး ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ဖို့ရန် ပြင်ဆင်နေ

ပထမဆုံး ကိုယ်ပိုင်ဂြိုဟ်တုကို မြန်မာနိုင်ငံက လွှတ်တင်ဖို့ ပြင်ဆင်နေတယ်လို့ channel news asia သတင်းမှာ ဖော်ပြထားပါတယ်။ ဒီလို ကိုယ်ပိုင်ဂြိုဟ်တုလွှတ်တင်တာက မြန်မာလို စီးပွားရေး ဖွံဖြိုးမှုနည်းတဲ့ နိုင်ငံအတွက် ပထမဆုံး ခြေလှမ်းလည်းဖြစ်ပါတယ်။

ဒီလိုသာ လွှတ်တင်နိုင်ရင် မြန်မာနိုင်ငံဟာ ကိုယ်ပိုင်ဂြိုဟ်ပိုင်ဆိုင်တဲ့ အာရှကိုးနိုင်ငံစာရင်းမှာ နောက်တိုးအဖွဲ့ဝင်ဖြစ်လာတော့မှာပါ။ အခုလို သဘာဝပတ်ဝန်းကျင်ကို အာကာသကနေ စောင့်ကြည့်ဖို့အတွက် ဂြိုဟ်လွှတ်တင်ဖို့ ကုန်ကျမယ့်စရိတ်နဲ့ အဲဒီကနေ ရလာမယ့် အကျိုးကျေးဇူးက ညီမျှတယ်လို့ မြန်မာနိုင်ငံ အာကာသလေကြောင်း အင်ဂျင်နီယာ တက္ကသိုလ် ပါမောက္ခချုပ် ဦးကြည်သွင်က AFP သတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် ကိုယ်ပိုင် ဂြိုဟ်တည်ဆောက်တာက ပိုပြီး စရိတ်သက်သာသလို နိုင်ငံ့စီးပွားရေးတိုးတက်မှုအတွက် အထောက်အကူ ပြုလိမ့်မယ်လို့လည်း ပြောပါတယ်။ ကိုယ်ပိုင်ဂြိုဟ်တုလွှတ်တင်ဖို့အတွက် မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ ၁၆ သန်း ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။

လွှတ်တင်မယ့် ဂြိုဟ်တုမှာ အကောင်းဆုံး ကင်မရာတွေ သုံးမှာဖြစ်ပြီး၊ တိုင်ဖွန်းမုန်တိုင်း နဲ့ သဘာဝဘေးသင့်တဲ့ နေရာတွေရဲ့ ပုံရိပ်ကို 3D ပုံစံနဲ့ ရရှိနိုင်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီဂြိုဟ်တု ကင်မရာတွေက မြေယာအသုံးချမှု ၊ မြို့ပြလူနေအိမ်ခြေ တိုးချဲ့မှု ၊ သစ်တောပြုန်းတီးမှုကနေ တရားမဝင် သတ္ထုရှာဖွေတူးဖော်မှုတွေ အထိ စောင့်ကြည့်ထောက်လှမ်းပေးမယ်လို့ ဂြိုဟ်တု လွှတ်တင်ရေး စီမံချက်ကို ဦးဆောင်နေတဲ့ ဟော့ကိုင်းဒိုး တက္ကသိုလ်က မစ္စတာ ယိုရှီဟီရို တာကာဟာရှီက ပြောပါတယ်။

ဂြိုဟ်တုလွှတ်တင်မှုကိုတော့ ဂျပန်နိုင်ငံမှာ ဆောင်ရွက်မှာဖြစ်ပြီး၊ မြန်မာအင်ဂျင်နီယာ ၇ ယောက်ကို လပေါင်းများစွာ ကတည်းက ဂျပန်ကိုသွားရောက် တာဝန်ထမ်းဆောင်ဖို့ ပြင်ဆင်ထားနှင့်ပြီးဖြစ်ပါတယ်။ လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစီအစဉ်ခဏ ဆိုင်းငံ့ထားရတယ်လို့ သိရပါတယ်။

Source: CNA
#mmo
HtateHtar

Add a Comment

Your email address will not be published. Required fields are marked *